ကရဏီယ မတ္ထကုသလေန၊
ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊
သက္ကော ဥဇူ စ သုဟုဇူ စ၊
သူဝစော စဿ မုဒု အနတိမာနီ။
သန္တုဿကော စ သုဘရော စ၊
အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ။
သန္တိန္ဒြိယော စ နိပကော စ၊
အပ္ပဂဗ္ဘေါ ကုလေသွ န နုဂိဒ္ဓေါ။
သန္တုဿကော စ သုဘရော စ၊
အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ။
သန္တိန္ဒြိယော စ နိပကော စ၊
အပ္ပဂဗ္ဘေါ ကုလေသွ န နုဂိဒ္ဓေါ။
အတ္ထကုသလေန-
မိမိစီးပွား, အကျိုးများဖို့, လိုလား ကျွမ်းကျင်, သူတော်စင်တို့သည်၊ သန္တံ- ဖြစ်ပျက်မစပ်,
အငြိမ်းဓာတ်ဖြင့်, မပြတ်ပုံသေ, အေးမြပေထသော၊ ယံ ပဒံ- ရောက်သင့်ရောက်ထိုက်, ဉာဏ်အမြင် ဆိုက်က,
တိုက်ရိုက်သိရန်, အကြင်နိဗ္ဗာန် သည်၊ (အတ္ထိ- ပရမတ်တရား, မြတ်တစ်ပါးဖြင့်, ထင်ရှားမသွေ,
ရှိပါပေ၏၊) တံ ပဒံ- ရောက်သင့်ရောက်ထိုက်, ဉာဏ် အမြင်ဆိုက်က, တိုက်ရိုက်သိရန်, ထိုနိဗ္ဗာန်သို့၊
အဘိသမေစ္စ- ရှေးရှုမျှော်ထောက်, ကောင်းစွာရောက်၍၊ ကရဏီယံ- မချွတ် ဧကန်, အမှန်ပြုထိုက်၏။
သက္ကော စ-
ကိုယ့်အသက်ပါ, မငဲ့ညှာဘဲ, လွန်စွာကြိုးပန်း, ကျင့်စွမ်းနိုင်သူသည်လည်း၊ အဿ- ဖြစ်ရာ၏။
ဥဇု စ- ကိုယ်နှုတ်နှစ်ပါး,
မလှည့်စားဘဲ, ရိုးသားမြင့်မြတ်, ဖြောင့်မတ်သူလည်း၊ အဿ- ဖြစ်ရာ၏။
သုဟုဇု စ-
စိတ်နေစိတ်ထား, မလှည့်စားဘဲ, ရိုးသားမြင့်မြတ်, လွန်ဖြောင့်မတ်သူလည်း၊ အဿ- ဖြစ်ရာ၏။
သုဝစော စ-
မိတ်ဆွေ ဆရာ, ဆုံးမပါလျှင် ကောင်းစွာ ဆိုလွယ်, ဆုံးမ လွယ်သူသည်လည်း၊ အဿ- ဖြစ်ရာ၏။
မုဒု စ- ရွှေကောင်း
ရွှေသန့်, ပြုတိုင်း ခန့်သို့, နူးညံ့ ပျော့ပြောင်းသည်လည်း၊ အဿ- ဖြစ်ရာ၏။
အနတိမာနိ-
မျိုးရိုးကိုစွဲ, ဂုဏ်ကိုစွဲ၍, လွန်ကဲသော မာန်မာန မရှိသူသ်လည်း၊ အဿ- ဖြစ်ရာ၏။
သန္တုဿကော
စ- ရရှိသမျှ, ပစ္စယဖြင့်, အားရကျေနပ်, နှစ်သက်တတ်သူသည်လည်း၊ အဿ- ဖြစ်ရာ၏။
သုဘရော စ-
ကောင်းဆိုးနည်းပါး, ပစ္စည်းများဖြင့်, အားရကျေနပ်, လွယ်ကူစွာ မွေးမြူအပ်သည်လည်း၊ အဿ-
ဖြစ်ရာ၏။
အပ္ပကိစ္စော
စ- ရဟန်းကိစ္စ, နှစ်ဓုရမှ, ပြင်ပတစ်ခြား, စိတ်မသွားဘဲ, နည်းပါးသော ကိစ္စရှိသည်လည်း၊ အဿ-
ဖြစ်ရာ၏။
သလ္လဟုကဝုတ္တိ
စ- ပရိက္ခရာရှစ်ပါး, ကိုယ်ပိုင်ထား၍, ပေါ့ပါးလှည့်လည်, လွယ်ကူသော အသက်မွေးမှု ရှိသည်လည်း၊
အဿ- ဖြစ်ရာ၏။
သန္တိန္ဒြိယော
စ- ဣဋ္ဌာနိဋ္ဌ, တွေ့ကြုံကလျှင်, ရာဂမတိုး, စိတ်မဆိုးဘဲ, ရိုးရိုးတည်ကြည်, ငြိမ်သက်သော ဣနြေ္ဒရှိသည်လည်း၊
အဿ- ဖြစ်ရာ၏။
နိပကော စ-
သီလစောင့်မှု, စသည်စုဝယ်, ကြီးထုမြင့်လျက်, ရင့်ကျက်သော, ပညာရှိသူသည်လည်း၊ အဿ- ဖြစ်ရာ၏။
အပ္ပဂဗ္ဘော
စ- ကိုယ်ကြမ်းနှုတ်ကြမ်း, စိတ်သော့သွမ်းလျက်, ဟော့ရမ်းဆိုးယုတ်, မကြမ်းကြုတ်သည်လည်း၊
အဿ- ဖြစ်ရာ၏။
ကုလေသု- ဝင်ထွက်သွားလာ,
ဒါယကာနှင့်, ဒါယိကာမများ, အမျိုးလေးတို့၌၊ အနုဂိဒ္ဓေါ စ- ပစ္စည်းအတွက်, ရောနှောချက် ကြောင့်,
စွဲမက် စိတ်ယိုင်, မခွါနိုင်သည်လည်း၊ န အဿ- မဖြစ်ရာ။
ကျေးဇူးတင်ပါတယ် ဘုးရား
ReplyDelete������